အခုတလော internet ဆိုင်တွေမှာ world of Warcraft
ဆော့တဲ့သူတွေ တဖြေးဖြေးများလာပါတယ် ။ WOW အခုမှဆော့တဲ့သူတွေ ၊ ၀ါရင့် WOW
သမားတွေအတွက် အသုံးအ၀င်ဆုံး Add-on တွေကို ဖော်ပြပေးလိုက်ပါတယ် ။ Add-on
တွေ ကိုယ်တိုင်ရှာချင်ရင်
[You must be registered and logged in to see this link.] က အစုံလင်ဆုံးပါပဲ ၊၊
1.Gearscore မြန်မာနိုင်ငံမှာ လူချင်းတွေ့ရင် မင်း Gearscore ဘယ်လောက်လဲလို့မေးတာ
ထုံးစံလိုတောင်ဖြစ်နေပါပြီ ။ အခု Path 4.0.6 မှာတော့ Average Item Level
ဆိုတာပါလာပြီဖြစ်လို့ gearscore မလိုတော့ပါဘူး ။ ဒါပေမယ့် Path
အဟောင်းသမား ကျနော်တို့အတွက် Gearscore က item တွေကို
အမြန်ဆုံးစစ်နိုင်တဲ့နည်းပါပဲ ။ Gearscore Add-on ကို သွင်းချင်ရင်
Gearscore ဆိုတဲ့ Folder အပြင် Bonus Scanner ဆိုတဲ့ Folder ကိုပါ
ကူးရမှာပါ
2.Cromulent Level
တင်နေဆဲသူတွေ ၊ Dungeon တွေ ၊ Raid တွေ ရှာချင်သူတွေအတွက် Cromulent က
အရမ်းအသုံးဝင်ပါတယ် ။ Map ပေါ်မှာ region တစ်ခုကို Mouse တင်လိုက်ရင် အဲဒီ
Region ကို Lv ဘယ်လောက်ကစပြီး ဘယ်လောက်အထိ quest လုပ်လို့ရသလဲ ၊ Instance
တွေရှိဘလဲဆိုတာ ပြပေးပါတယ် ။
3.Deadly Boss Mod အရင်တုံးက ပြည်တွင်းက server တွေမှာ error တက်နေပြီး Boss တွေက Spell
မသုံးတဲ့အတွက် Deadly Boss Mod(DBM) မလိုပါဘူး ။ အခုတော့ Boss တွေက Spell
တွေ ရက်ရက်စက်စက် သုံးလာပြီဖြစ်တဲ့အတွက် Raid တစ်ခုကို အောင်အောင်မြင်မြင်
run ချင်ရင်
DBM က မရှိမဖြစ်လိုပါတယ်။ ဥပမာ -
ICC မှာ Lord Marrowgar က Bone Storm ကို ဘယ်နမိနှစ်နေရင်လှည့်မလဲဆိုတာတွေ
Bone Spike က ဘယ်တော့ ပေါ်လာမယ်ဆိုတာတွေကို Screen ရဲ့ ညာဘက်ခြမ်းမှာ Timer
လေးနဲ့ ပြပေးပြီး Spell သုံးတဲ့အခါ ၀ရုန်းသုံးကားမဖြစ်အောင်
ကူညီပေးနိုင်ပါတယ် ။
4.Taunt Master Dungeon Tank တွေအတွက် Taunt Master ကအရမ်းအသုံဝင်ပါတယ် ။ Aggro
လွတ်သွာပြီး ကိုယ့် group ထဲက တစ်ယောက်ယောက်ကို သွားချရင် taunt ခံရသူကို
အနီရောင်နဲ့ပြပြီး အဲဒါကို နှိပ်လိုက်တာနဲ့ သူချနေတဲ့သူကို taunt
လုပ်လိုက်ပါတယ် Pally. DK, Warrior နဲ့ Druid တွေအကုန်လုံးအတွက် Setting
တွေ ချန်ထားပေးပြီး ကိုယ့်ဟာကိုယ် ပြန်ပြင်လည်းရပါတယ် ။
5.Quest Helper
Path 3.3.5 မှာ Quest တွေကို trace လုပ်တဲ့ feature ကို Blizzard က
ထည့်ပေးလိုက်ပြီဖြစ်ပေမယ့် အခုမှ စဆော့သူတွေအတွက်တော့ Quest Helper
ကပိုပြီး အသုံးဝင်ပါတယ် ။
6.Atlas Loot Enhance wow မှာ item တစ်ခုရှာချင်တိုင်း Internet ပေါ်တက်ရတာ ပင်ပန်းပါတယ် ။ Atlas
Loot ထည့်ထားလိုက်ရင် Boss တွေအကုန်နီးပါး ဆိကကျတဲ့ Item တွေအပြင်
Blacksmithing တို့ Inscription တို့လို profession တွေကလုပ်တဲ့ item
တွေကိုပါရှာနိုင်ပြီး ပြုလုပ်ရင်လိုအပ်မယ့် material
တွေကိုပါတစ်ခါတည်းပြပေးပါတယ် ။ ltem Level ကိုပါပြပေးပြီး GM တွေ အတွက်
Item ID ပါ ပါပါတယ် ။
7.Healbot Continued 5 man dungeon တွေမှာ healer တွေသိပ်ပြီးအလုပ်မရှပ်ပေမယ့် raid တွေ
Battleground တွေ ကျရင်အရမ်းအလုပ်ရှပ်ပါတယ် ။ Healbot ထည့်ထားရင် heal
ရတာ အရမ်းကို သက်သာပြီး နောက် healbot မရှိရင်
မဖြစ်ဘူးဆိုတာသဘောပေါက်သွားပါလိမ့်မယ် ။ Healbot ထဲမှာ ကိုယ့် Group
ထဲကသူတွေရဲ့ နာမည်လေးတွေနဲ့ အကွက်လေးတွေရှိပြီး အဲဒီ
အကွက်လေးတွေကိုနှိပ်လိုက်ရုံနဲ့ heal ပါတယ် ။
ဥပမာ - Paladin
Healer ဆိုရင် left click နဲ့နှိပ်ရင် Flash heal , right Click
နဲ့နှိပ်ရင် Holy Light , Shift + left click နဲ့နှိပ်ရင် Cleanse စသဖြင့်
ကိုယ့်စိတ်ကြိုက် key bind ထားလို့ရပြီး curse ၀င်နေသလားဆိုတာကိုပါ
အသိပေးပါတယ် ။
8.Quartz Quartz
က wow ရဲ့ spell တွေ cast လုပ်ရင်ပေါ်လာတဲ့ bar တန်းကိုအစားထိုးတာဖြစ်ပြီး
အရမ်းအသုံးဝင်ပါတယ် ။ သူက ရန်သူအပေါ်တင်ထားတဲ့ curse တွေ ၊ disease တွေ ၊
mark တွေကို timer နဲ့ ပြပေးင်္ပြိး ကိုယ့် spell cast လိုက်ရင် ဘယ်လောက်
lag နေသလဲဆိုတာပါ ပြပေးပါတယ် ၊ အသုံးအ၀င်ဆုံးကတော့ hunter တွေနဲ့ တခြား
meFather (swear) တွေမှာ ဘယ်တော့နေရင် Auto-attack ထွက်မယ်ဆိုတာပြပေးပြီး
Hunter တွေဆိုရင် Auto-attack Timer ပြည့်တာနဲ့ ခဏလေး ရပ်လိုက်ရင်
မြားထွက်သွားမှာ ဖြစ်င်္ပြီး Battleground တွေမှာ သိပ်အသုံးမတည့်ပေမယ့် level
တင်တဲ့အခါမှာ အသုံးဝင်ပါတယ် ။
9.Partz Partz ကတော့ ကိုယ့်ကိုလာ chat သူရဲ့ (swear) နဲ့ level ကိုပြပေးပါတယ် ။
(swear) ဆိုတာက DK က ကိုယ့်ကိုလာ chat ရင်အနီရောင်နဲ့ ပြထားပေးမှာဖြစ်ပြီး
အဲဒီ chat စာသားတွေကို copy ကူးယူလို့ရပါတယ် ။
10.Onebag Onebag က အိတ်တွေအကုန်လုံးကို တစ်အိတ်ထည်းအနေနဲ့ ပေါင်းပြီးပြပေးတဲ့
Add-on ဖြစ်ပြီး bagnone ထက်ပိုပေါ့ပါတယ် ။ ပြီးတော့ bagnone လိုလည်း
မျက်စိမရှတ်ဘဲ ကြည့်လို့ကောင်းပါတယ် ။
11.Geathrer or Geathermate အဲဒီ Add-on နှစ်ခုထဲကကြိုက်တဲ့တစ်ခုကိုသုံးနိုင်ပြီးပါတယ် ။ သူတို့က
ကိုယ်အပင်နှုတ်ခဲ့ ၊ မိုင်းတူးခဲ့တဲ့နေရာကို မှတ်ထားပေးပြီး
နောက်တစ်ခါပြန်လာရှာတဲ့အခါ အရမ်းအဆင်ပြေပါတယ် ။ WOW မှာ ore တွေ ၊
အပင်တွေရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ကျော်က ကြိုတင်သတ်မှတ်ထားတဲ့နေရာမှာ
ပေါ်ပြီး ကျန်တဲ့ random တွေကလည်း အရင်ပေါ်ခဲ့တဲ့နေရာရဲ့ အနီးအနားမှာပဲ
ပြန်ပေါ်တာဖြစ်လို့ Geathrer တွေအကြိုက်တွေ့မှာပါ ။ မကောင်းတာတစ်ခုက အဲဒီ
Data တွေကို စက်တစ်လုံးထဲမှာပဲ save လုပ်ထားပြီး စက်ပြောင်းရင်
ပါမသွားပါဘူး ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကြိုးစားပါဦးမည်
Prof.Dr.Banana